SJ WorldNews - шаблон joomla Авто

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခေမာရဌဗျာဒိတ်တော်ပေး ရပ်တော်မူ ဘုရားကြီး၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲ ပြုလုပ်

Sunday, 16 September 2018 07:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခေမာရဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရား ကြီး၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူ ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ကျိုင်းတုံ မြို့ပေါ် ကျောင်းတိုက်များမှ သံဃာတော် များနှင့် သာသနာ့အနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြပြီး တြိဂံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်ဒေသခံပြည်သူများ တက်ရောက်ကြ သည်။

အဆိုပါ စုပေါင်းဆွမ်းလောင်းလှူပွဲတွင် ကျိုင်းတုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၃၅ ကျောင်းမှ သံဃာတော် ၂၇၁ ပါးနှင့် သီလရှင်ကျောင်း ခုနစ်ကျောင်းတို့မှ သာသနာ့အနွယ် ဝင်သီလရှင် ၇၉ ပါး ကြွရောက်တော်မူကြပြီး တိုင်းမှူးနှင့် အလှူရှင်များက ဆွမ်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

Read 173 times Last modified on Sunday, 16 September 2018 08:11