SJ WorldNews - шаблон joomla Авто

တိုက်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 16 September 2018 08:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိသားစု ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က အဖျောက်မြို့ရှိ ငွေဥဒေါင်းခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် မိသားစုဝင် ၇၄ ဦး၊ ဒေသခံပြည်သူ ၉၅ ဦးတို့ကို သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အရိုး/ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က အရက်၊ ဆေးလိပ်နှင့် ကွမ်းယာတို့ကြောင့် ဖြစ်ပွား တတ်သောရောဂါတို့နှင့် ပတ်သက်၍ ကျန်းမာ ရေးအသိပညာပေး ဟောပြော ဆွေးနွေးခြင်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။

Read 155 times Last modified on Sunday, 16 September 2018 08:14