SJ WorldNews - шаблон joomla Авто

ပူတာအိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 16 September 2018 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ အထက် ရှန်ဂေါင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ် ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ ၄၁၉ ဦးတို့ကို အရပ်တိုင်း ခြင်း၊ ပေါင်ချိန်ခြင်းနှင့် တုပ်ကွေးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

Read 154 times Last modified on Sunday, 16 September 2018 10:03