SJ WorldNews - шаблон joomla Авто

လင်းခေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Sunday, 16 September 2018 10:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့ အဝင်ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်ခန့်တွင် မိုးနဲ မြို့ဘက်မှမောင်းနှင်လာသော မော်တော် ဆိုင်ကယ်တစ်စီးအား မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာ ကျော်ဝင်း(ဘ)ဦးလုံးလှနှင့် စိုင်း ငြိမ်း(ဘ)ဦးလုံးသိန်းတို့ကို WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၅၆ဝ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ် ၅၆ဝဝဝဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမော်တော်ဆိုင်ကယ်၊ မူးယစ် ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လင်းခေးမြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 115 times Last modified on Sunday, 16 September 2018 10:11