SJ WorldNews - шаблон joomla Авто

လားရှိုးမြို့နယ်အတွင်း ငွေကျပ်သိန်း ၃၆ဝ တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Sunday, 16 September 2018 10:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ နယ်၊ နားဖကျေးရွာအနီးရှိ လားရှိုး-မုံးယော်ကားလမ်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင် သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှု များအား စစ်ဆေးဆောင်ရွက်စဉ် စက်တင် ဘာ ၁၄ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် မုံးယော်ကျေးရွာဘက်မှ လားရှိုးမြို့ဘက်သို့ စိုင်းအောင်လှ(ဘ)ဦးကျော်တင့် မောင်းနှင်၍ လွမ်းနော(ဘ)ဦးခေါင်လွမ်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ လွမ်းနော၏ လက်ကိုင်အိတ်အတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၆ဝ ခန့်)၊ မြန်မာငွေကျပ် ၂၇၇ဝဝဝ ကျပ်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။

အဆိုပါမော်တော်ဆိုင်ကယ်၊ မူးယစ်ဆေး ဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လားရှိုး မြို့မရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

Read 127 times Last modified on Sunday, 16 September 2018 10:28