SJ WorldNews - шаблон joomla Авто

မိုင်းခုတ်မြို့နယ်အတွင်း တရားမဝင်သစ်များ တင်ဆောင်ထားသော မော်တော်ယာဉ် ခြောက်စီး သိမ်းဆည်းရမိ

Sunday, 16 September 2018 10:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၄ ရက် နံနက် ၁ဝ နာရီခွဲခန့်တွင် မိုင်းခုတ်မြို့၏ အရှေ့တောင်ဘက် မီတာ ၂ဝဝဝ ခန့် အကွာ၌ သစ်တင်ယာဉ်များ ရပ်နားထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ကန်တာ အမျိုးအစား ခြောက်ဘီးယာဉ် ခြောက်စီးပေါ် တွင် တင်ဆောင်ထားသော တရားမဝင် ပိတောက်သစ်စကွဲယားတုံးဆိုဒ်စုံ ၆ဝ တန်ခန့် အား ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ တရားမဝင်သစ်များနှင့် မော်တော် ယာဉ်များအား မိုင်းခုတ်မြို့နယ် သစ်တော ဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

Read 140 times Last modified on Sunday, 16 September 2018 11:37