SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ်အတွင်း ငွေကျပ် ၁၉၄ သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Sunday, 16 September 2018 10:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် ကျထီးနားကျေးရွာ၏ အရှေ့ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌ မသင်္ကာဖွယ် ဆိုင်ကယ်နှစ်စီးအား တွေ့ရှိ သဖြင့် ရပ်တန့်စစ်ဆေးရာ ကျထော(ဘ) ဦးကျခီး၊ ကျရှီး(ဘ)ဦးကျဝနှင့် ရှန်ငင်း(ဘ) ဦးကျလော့တို့သုံးဦးကို WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၁၁၅ ပြား၊ ဘိန်း စိမ်း ၁ ဒသမ ၃ဝ ကီလိုနှင့် ဘိန်းဖြူ သုည ဒသမ ဝ၁ ဂရမ်(စုစုပေါင်း ခန့်မှန်း တန်ဖိုး ငွေကျပ် ၁၉၄ သိန်းကျော်)၊ တူမီးသေနတ် တစ်လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်များ၊ မူးယစ် ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ့နှင့် တာချီ လိတ်မြို့မရဲစခန်းတို့၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 159 times Last modified on Sunday, 16 September 2018 10:46