SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ထောင်ထားသည့် မိုင်းများပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိ

Sunday, 16 September 2018 10:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ နားလုံ ကျေးရွာနေ ဦးတူးနိုင်(ဘ) ဦးဖဒွတ်နော်နှင့် မန်မော်ကျေးရွာနေ ဦးနူးလာ(ဘ) ဦးအိုက် မော်တို့နှစ်ဦးသည် ယနေ့နံနက် ၇ နာရီခန့် တွင် တညင်းသီးခူးရန် နားလုံကျေးရွာမှ ပန်းတောင်ယန်ကျေးရွာဘက်သို့ မော်တော်ဆိုင် ကယ်ဖြင့်သွားရောက်စဉ် ဗန်းမော်မြို့၏ မြောက်ဘက် မီတာ ၁၂ဝဝ ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက်သောင်းကျန်း သူအဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံး အား တိုက်မိပေါက်ကွဲပြီး ဦးတူးနိုင်တွင် မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အလားတူ စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီခွဲခန့်တွင်လည်း နားလုံကျေးရွာနေ ဦးအိုက်ကျိန်(ဘ) ဦးလောကွမ်နှင့် မောင်ထွန်း ရွှေ(ဘ) ဦးလောကမ်တို့နှစ်ဦးသည် နားလုံ ကျေးရွာ၏အရှေ့မြောက်ဘက် ၃ မိုင်ခန့် အကွာရှိ ပန်းတောင်းရွာဟောင်းမှ တညင်းသီး ခူး၍ပြန်လာစဉ် KIA အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား ဦးအိုက်ကျိန်မှ နင်းမိပေါက်ကွဲ သဖြင့် ¤င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ ခဲ့သည်။

အဆိုပါမိုင်းထိလူနာများအား ဗန်းမော် မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

Read 125 times Last modified on Sunday, 16 September 2018 10:52