SJ WorldNews - шаблон joomla Авто

တန့်ယန်းမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အတွက် ပညာသင်ကြားရေး အထောက်အကူပြု ပရိုဂျက်တာပစ္စည်း ပေးအပ်ပွဲပြုလုပ်၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 16 September 2018 10:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း အတွက် ပညာသင်ကြားရေး အထောက်အကူ ပြု ပရိုဂျက်တာပစ္စည်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဂန္ဓမာ ခန်းမဆောင်၌ပြုလုပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်း သား၊ ကျောင်းသူများနှင့် ကျောင်းအကျိုးတော် ဆောင်များ တက်ရောက်ကြသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်း ၏သမိုင်းကြောင်းနှင့် ကျောင်းသား၊ ကျောင်း သူများ၏ပညာသင်ကြားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးက ပရိုဂျက်တာ ပစ္စည်းပေးအပ် လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ပရို ဂျက်တာတစ်စုံအား ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။

ထို့ပြင် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၆၁ ဦးတို့ကို တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား တန့်ယန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တန့်ယန်းမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့သွားရောက်၍ ဆေးရုံ တက်ရောက်ကုသမှုခံယူလျက်ရှိသော သံဃာ တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ နှင့် ဒေသခံပြည်သူများအားတွေ့ဆုံ၍ တစ်ဦး ချင်း၏ဆေးဝါးကုသမှုများ၊ ဆေးကုသပေး ထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေ များအား မေးမြန်းအားပေး စကားပြောကြား ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 182 times Last modified on Sunday, 16 September 2018 11:03