SJ WorldNews - шаблон joomla Авто

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Sunday, 16 September 2018 11:03 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကို စက်တင်ဘာ ၁၄ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာ ရှင်များ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြော ကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ်ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၅ ရက်အထိ ပြုလုပ် သွားမည်ဖြစ်ပြီး တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 137 times Last modified on Sunday, 16 September 2018 11:06