SJ WorldNews - шаблон joomla Авто

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S)၏ (၁၇)ကြိမ်မြောက် အစည်းအဝေးပြုလုပ်

Sunday, 16 September 2018 11:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)၏ (၁၇)ကြိမ်မြောက် အစည်းအဝေး ကို စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ကော်မတီဝင် များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့် အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များက ကော်မတီ၏လုပ်ငန်းတာဝန်များ၊ ဆက်လက် ဆောင်ရွက်မည့်အစီအမံများ၊ နှစ်ဖက်တပ် များလိုက်နာ စောင့်ထိန်းရမည့် စည်းကမ်းများ အား လိုက်နာဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးကြပြီး တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

Read 164 times Last modified on Sunday, 16 September 2018 11:13