SJ WorldNews - шаблон joomla Авто

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Sunday, 16 September 2018 11:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည့် ဇာနည်အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြော ကြားပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ်ယှဉ် ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ အဆိုပါလက်ဝှေ့ပြိုင်ပွဲကို စက်တင်ဘာ ၂ဝ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တိုင်းစစ် ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များမှ ပြိုင်ပွဲဝင်အသင်းခုနစ်သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Read 234 times Last modified on Sunday, 16 September 2018 11:24