SJ WorldNews - шаблон joomla Авто

သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာ အပြင်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်းမြစ်ဝ အနီး သောင်တင်ခဲ့သည့် ကုန်တင်ရေယာဉ် SAM RATULANGI အား သက်ဆိုင်ရာသို့ လွှဲပြောင်းပေးအပ်

Sunday, 16 September 2018 11:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သမ္မ စိတ္တကျေးရွာအပြင်ဘက် ရေမိုင် ၇ မိုင်ခန့် အကွာ စစ်တောင်းမြစ်ဝအနီး၌ SAM RATULANGI အမည်ရှိ ပြည်ပကုန်တင် ရေယာဉ်သောင်တင်ခဲ့သည့် ဖြစ်စဉ်အပေါ် သက်ဆိုင်ရာအာဏာပိုင်များထံသို့ ဆက်သွယ် သတင်းပို့ခြင်းမရှိဘဲ ပြန်လည်ထွက်ခွာသွားခဲ့ သည့် တွဲဆွဲရေယာဉ်  INDEPENDENCE အား သြဂုတ် ၃၁ ရက်တွင် တပ်မတော်(ရေ)မှ စစ်ရေယာဉ် တစ်စင်းဖြင့် တားဆီးထိန်းသိမ်းခေါ် ဆောင်စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ တွဲဆွဲရေယာဉ်နှင့် ရေယာဉ်ပေါ်ပါ အင်ဒိုနီးရှားနိုင်ငံသား အမှုထမ်း ၁၃ ဦးတို့ အား တပ်မတော်(ရေ)မှ ခေတ္တထိန်းသိမ်းထား ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၃ ရက်တွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော် လွင်ထွေး ဦးစီး သက်ဆိုင်ရာဌာန စုံပူးပေါင်း အဖွဲ့သို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ထို့ပြင် သုံးခွမြို့နယ်၊ သမ္မစိတ္တကျေးရွာ အပြင်ဘက် ရေမိုင် ၇ မိုင်ခန့်အကွာ စစ်တောင်း

မြစ်ဝအနီး၌ သောင်တင်နေသည့် SAM RATULANGI အမည်ရှိ ပြည်ပကုန်တင် ရေယာဉ်အား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက် လက်ဆောင်ရွက်နိုင်ရေးအတွက် တပ်မတော် (ရေ)မှ စက်တင်ဘာ ၁၃ ရက်တွင် ရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေယာဉ် ပျက်လွှဲပြောင်းလက်ခံရေးအဖွဲ့ (Receiver of Wreck) ၏ ကိုယ်စား ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့် ခိုင်စိုး ဦးစီးအဖွဲ့သို့ စနစ်တကျ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

Read 151 times Last modified on Sunday, 16 September 2018 11:34