SJ WorldNews - шаблон joomla Авто

တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း စားပွဲတင် တင်းနစ်ပြိုင်ပွဲ စတင်

Sunday, 06 August 2017 09:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    သြဂုတ်  

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၇ခုနှစ်၊ တိုင်းမှူးဒိုင်း စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အား

ကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက် ကြသည်။

ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး တက်ရောက်လာကြသူများ နှင့်အတူ ပထမနေ့ ပွဲစဉ်များ ဖြစ်သည့် တောင်ငူတပ်နယ်  အသင်းနှင့် ပန်းတောင်းတပ်နယ် အသင်း၊ ဘုရင့်နောင်တပ်နယ် အသင်းနှင့် ညောင်လေးပင် တပ်နယ်အသင်း၊   အုတ်တွင်း တပ်နယ် အသင်းနှင့် ရေတာရှည် တပ်နယ် အသင်းတို့၏ ယှဉ်ပြိုင် ကစား မှုများကို ကြည့်ရှုအားပေးကြသည်။

အဆိုပါ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်း ၁၂ သင်းဖြင့် သြဂုတ် ၉ ရက်အထိ ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။  

Read 1248 times Last modified on Sunday, 06 August 2017 09:21