SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တောင်ငူမြို့၊ အမှတ်(၉) ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေး စောင်ါ့ ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်

Thursday, 07 September 2017 08:21 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး အတွင်း စစ်တောင်းမြစ်ရေမြင့်တက်၍ တောင်ငူမြို့ရှိ အမှတ်(၉) ရပ်ကွက် အတွင်း ရေဝင်ရောက်မှုများကြောင့် သမိုင်းဝင် ဆုတောင်းပြည့်ပေါ်တော်မူ စေတီတော်မြတ်ကြီး၌

ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည့် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ စေတီ တော်မြတ်ကြီး ၏ဓမ္မာ ရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊ အရိုး/အကြောရောဂါနှင့် အထွေထွေရောဂါဝေဒနာရှင် ရေဘေး သင့်ပြည် သူ ၅၅ဝ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆေးရုံတက် ရောက် ကုသရန်လိုအပ်သောလူနာသုံးဦးအား တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေးစီ စဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကိုတိုင်းမှူး ဗိုလ်ချုပ်မြတ်ကျော်နှင့် အဖွဲ့ဝင်များက သွား ရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများနှင့် သောက် ရေ သန့်များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Read 376 times Last modified on Thursday, 07 September 2017 08:25