SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

နေ ရပ် စွန့်ခွာပြောင်းရွှေ့နေထိုင်လျက်ရှိသည့် တိုင်းရင်းသားပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက် လက်ဆောင်ရွက်

Thursday, 07 September 2017 08:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၆

ရခိုင်ပြည်နယ် အတွင်း ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက်ခိုက် မှုဖြစ်စဉ်များကြောင့်နေရပ် စွန့်ခွာ တိမ်းရှောင်နေရသည့်

ဒေသခံ တိုင်းရင်း သားပြည် သူများအား ယနေ့တွင်တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မောင်တောမြို့ရှိမြို့မသာသနာ့ဗိမာန်ကျောင်းတိုက်သို့ ပြောင်း ရွှေ့ နေထိုင်လျက်ရှိသည့် အောင်ဗလကျေးရွာ၊ မောင်တော အမှတ်(၁)ရပ်ကွက်၊မောင်တော အ မှတ်(၃) ရပ်ကွက်၊ ငါးခူရကျေးရွာ၊ ကိုင်းကြီးကျေးရွာ၊ ပြသားကျေးရွာ၊ ကညင် ချောင်း ကျေးရွာ၊ ခြံပြင်ကျေးရွာ၊ဖားဝပ်ချောင်းကျေးရွာ၊ သရက် အုပ်ကျေးရွာ၊တောင်ပြိုဝဲကျေးရွာ၊ ခမောင်း ဆိပ်ကျေး ရွာ၊တောင် ဘဇာကျေးရွာနှင့် မင်းကြီးကျေးရွာတို့ မှ ဒေသခံ တိုင်းရင်းသားပြည်သူ စုစုပေါင်း ၄၁၄ ဦးတို့ကို အဆိုပါကျောင်းတိုက်နှင့် မင်းကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း တို့၌ သွေး တိုးရောဂါ၊ အရေပြားရောဂါ၊ သွေးအားနည်းရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့်ဆေးဝါး ကုသမှုများနှင့် ကျန်းမာရေး အသိ ပညာပေးဟောပြောဆွေးနွေးခြင်း များ ဆောင် ရွက်ပေးသည်။

ထို့ပြင် မောင်တောမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ နေထိုင်လျက်ရှိ သည့် ဒေသခံတိုင်းရင်းသားပြည်သူ ၇၇၃ ဦးအား တပ်မတော် (ကြည်း၊ရေ၊ လေ) မိသား စု များနှင့် အလှူရှင်များက လှူဒါန်းသည့် ထောက်ပံ့ ပစ္စည်းများကို တာဝန်ရှိသူ တစ်ဦးက ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Read 389 times Last modified on Thursday, 07 September 2017 08:47