SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

၂ဝ၁၆ - ၂ဝ၁၇ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်း သား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်

Friday, 08 September 2017 08:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၇

၂ဝ၁၆ - ၂ဝ၁၇ ခုနှစ်၊ ပညာသင်နှစ်တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင် မြင်ခဲ့ကြ သည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကျောင်းသား၊ ကျောင်း သူများ အား

ဂုဏ်ပြုဆုပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးခန်းမ၌ပြုလုပ်သည်။ဦးစွာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ရှမ်းပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ ဥက္ကဋ္ဌတို့က အမှာစကားများအသီးသီးပြောကြားကြသည်။

ထို့နောက် ဆုပေးပွဲကိုပြုလုပ်ရာ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ၆ ဘာသာ ဂုဏ်ထူးရှင်နှစ်ဦး၊ ၅ဘာသာဂုဏ်ထူးရှင်လေးဦး၊ ၄ ဘာသာဂုဏ်ထူးရှင်ရှစ်ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင်၁၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၅ ဦးနှင့်၁ ဘာသာဂုဏ်ထူးရှင် ၁၂၁ ဦး၊ အောင်ချက် အကောင်းဆုံး ဆုရရှိသည့် ကျောင်းများနှင့် သုံးနှစ်ဆက်တိုက် အောင်ချက် အကောင်း ဆုံးဆုရရှိ သည့်ကျောင်း တို့ကို တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများနှင့် တိုင်းစစ်ဌာနချုပ်မှ ငွေကျပ် ၁ဝ သိန်းတို့ ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်

Read 325 times Last modified on Friday, 08 September 2017 08:38