SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဟိုပုံးမြို့နယ်နှင့် မိုင်းပွန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ် စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S အဖွဲ့ဝင်များတွေဆုံ

Friday, 08 September 2017 08:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စက်တင်ဘာ ၆ ရက် နံ နက် ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန်းမ၌လည်းကောင်း၊

မိုင်းပွန်မြို့ နယ် အတွင်းရှိ ဒေသခံပြည်သူများအား မွန်းလွဲပိုင်းတွင် မင်္ဂလာဦးပရိယတ္တိ စာသင်တိုက်၌ လည်းကောင်း ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော် မတီ JMC-S ဥက္ကဋ္ဌအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်း လှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲများတွင် ရှမ်းပြည်နယ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့် ရေးကော်မတီ JMC-S ၏လုပ်ငန်းစဉ်များ၊ NCA၊ နှစ်ဖက်လေးစားလိုက်နာရမည့် ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ တိုင်ကြား မှုဆိုင် ရာကိစ္စရပ်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို ဒေသခံပြည်သူများအား ရှင်းလင်း ပြော ကြားပြီး ဒေသခံပြည်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကာ အပစ် အခတ်ရပ်စဲရေးဆိုင်ရာ စာအုပ်၊စာစောင်များ ဖြန့်ဝေပေးသည်။

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မင်္ဂလာဦး ပရိယတ္တိ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တသူ ရိန္ဒဓဇနှင့် သံဃာတော်များအား ဖူးမြော်၍ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်း ခဲ့ကြောင်း သ တင်း ရရှိသည်။

Read 366 times Last modified on Friday, 08 September 2017 09:05