SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သရက်ချောင်းမြို့နယ်နှင့် မြိတ်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့ေ် ရှာက်မှု လုပ်ငန်းများဆောင်ရွက်

Friday, 08 September 2017 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ မာလကာချောင်ကျေးရွာနှင့်ပတ် ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား စက်တင်ဘာ ၆ ရက်တွင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်၊

နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အစာအိမ် နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အာရုံကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ဆီးချို ရော ဂါနှင့် အထွေထွေရောဂါ ဝေဒနာရှင် ဒေသခံပြည်သူ ၁၇၇ ဦးတို့ကို လိုအပ်သည့်ဆေး ဝါးကုသမှု များဆောင်ရွက်ပေးသည်။

အလားတူ မြိတ်မြို့နယ်၊ တကူကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၂၆ ဦးတို့ကို တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က သွေးတိုးရောဂါ၊ အသက်ရှူ လမ်းကြောင်း ဆိုင် ရာရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းရော ဂါ၊ အ ထွေထွေရောဂါ တို့နှင့် ပတ်သက်၍ ဆေးဝါး ကုသခြင်းများဆောင်ရွက်ပေးပြီး နှလုံးခုန်နှုန်း တိုင်းတာခြင်း၊ ဓာတ်မှန် ရိုက်ကူးခြင်း စသည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 373 times Last modified on Friday, 08 September 2017 08:58