SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

လားရှိုးမြို့၊ ခေးနင်း စစ်မှု ထမ်းဟောင်း အိမ်ရာ နေစစ်မှု ထမ်းဟောင်း အဖွဲ့ ဝင်များနှင့် မိသားစုဝင်များအားတွေ့ဆုံ

Sunday, 10 September 2017 12:16 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိခေးနင်းစစ်မှုထမ်းဟောင်းအိမ်ရာနေ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ခင်လှိုင်နှင့် အဖွဲ့ ၀င်များက အဆိုပါအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက် များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများပေးအပ်သည်။ ထို့နောက် စစ်မှုထမ်းဟောင်း အိမ်ရာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် မိသားစုဝင် များအား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့် အဖွဲ့ ၀င်များကသွားရောက်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း အသစ် ထပ်မံ ဆောက်လုပ်လျက်ရှိသည့် အခြားအဆင့်နေအိမ် နှစ်ခန်းတွဲ နှစ်ထပ် ခြောက်လုံးတည် ဆောက်မှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 419 times