SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲပြုလုပ်

Sunday, 10 September 2017 12:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ပြုလုပ်သည့် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို

ယနေ့နံနက်ပိုင်းတွင်ပြုလုပ်ရာကျိုင်းတုံမြို့၊ သာသနာ့ဝေပုလ္လ ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထ ၀ါစက ပဏ္ဍိတ ဘဒ္ဒန္တ၀ိဇယျအမှူးပြုသော သံဃာတော်များကြွ ရောက်တော်မူကြသည်။ဦးစွာတြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများက ကျိုင်းတုံမြို့၊ သံသရာအေးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက သံဃာတော်များထံ သင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။အဆိုပါ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို စက်တင်ဘာ၅ ရက်မှ ယနေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Read 390 times