SJ WorldNews - шаблон joomla Авто

ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ ရှမ်းချောင်းကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်

Sunday, 06 August 2017 14:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ ရှမ်းချောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါကျေးရွာရှိ ကျေးလက် ကျန်းမာရေးဌာန၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ၊ အရေပြားရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အရိုး/အကြောရောဂါနှင့်အထွေထွေရောဂါဝေဒနာရှင် ဒေသခံပြည်သူ၂၆၁ ဦးတို့ကို လိုအပ် သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။

ထို့ပြင် ဒေသခံပြည်သူများအား H1N1 ရောဂါ၊ H5N1 ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် သွေးတိုး၊ဆီးချိုသွေးချိုရောဂါများအကြောင်းကျန်းမာရေးအသိပညာပေးဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ကျေးရွာဘုန်းတော်ကြီးကျောင်း၊  စာသင်ကျောင်းနှင့် ကျန်းမာ ရေးဌာန၀င်းများအတွင်းခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်သက်ပုံနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ဆေးကုသမှုခံယူလျက်ရှိသည့် အသက် ၈၀ ကျော် အဘိုးအဘွားများ အား အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည်ကန်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒိမာအား ဖူးမြော်၍ ၀ါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း

သတင်းရရှိသည်။

Read 1294 times Last modified on Sunday, 06 August 2017 14:15