SJ WorldNews - шаблон joomla Авто

ခိုလမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Sunday, 06 August 2017 14:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊အခြေခံပညာအထက်တန်းကျောင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်မှ တပ်မတော်သားများနှင့် ဌာနဆိုင် ရာဝန်ထမ်းများစုပေါင်း၍စာသင်ခန်း အတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကျောင်းဝင်းအတွင်းရှိ ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ရေစီးရေလာကောင်းမွန်ရေး ရေနုတ်မြောင်းများဆယ်ယူခြင်း၊အဆောက်အအုံနှင့်မလွတ်သော သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပန်းအလှပင်များစိုက်ပျိုးခြင်းနှင့် ခြင်ခိုအောင်းနိုင်သော နေရာများအား ခြင်ဆေးဖျန်းခြင်းများဆောင်ရွက်ပေးသည်။

အလားတူ ခိုလမ်-ကျိုင်းတောင်းကားလမ်းဘေးတွင် တည်ထားကိုးကွယ်မည့် ရွှေစည်းခုံ(ကောင်းမှုလျှံ) ပြည်ငြိမ်းအေးစေတီတော်မြတ်ကြီးတည်ထားမှုတွင် ခိုလမ်တပ်နယ်မှ တပ်မတော်သားများနှင့်မိသားစုများက လုပ်အားဒါန စုပေါင်းဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု့၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 1240 times Last modified on Sunday, 06 August 2017 14:27