SJ WorldNews - шаблон joomla Авто

အိမ်မဲမြို့နယ်နှင့် ၀ါးခယ်မမြို့နယ်တို့အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင်များအားတွေ့ဆုံ

Sunday, 06 August 2017 14:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော် သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်နှင့်ဝါးခယ်မမြို့နယ်တို့အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား သြဂုတ် ၄ ရက် နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တေဇကျော် နှင့်အဖွဲ့ဝင်များက နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးကအမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ) အဖွဲ့ဝင်များအတွက် ပန်းပေါင်းစုံဘုရားဆင်းတုတော် ၂၀ ဆူ၊ ဆန် ၁၇ အိတ်၊ဆီ ၅၀ ပိဿာ၊ နို့ဆီဘူး ၆၀၀၊ သကြား ၈၀ပိဿာ၊ ခေါက်ဆွဲခြောက် ၁၅ ဖာ၊ အ၀တ်အထည်များနှင့် သုတရသစာအုပ်စာစောင်များ ပေးအပ်သည်။

ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင် ၉၆ ဦးတို့အား တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာ ခွဲစိတ်ရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 1050 times Last modified on Sunday, 06 August 2017 14:34