SJ WorldNews - шаблон joomla Авто

လားရှိုးမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအားတွေ့ဆုံ၊ ဆေးရုံတက်ရောက် ကုသမှုခံယူ နေသူ များ အား ကြည့်ရှုအားပေး

Monday, 07 August 2017 08:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    သြဂုတ် 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်မှုထမ်း ဟောင်းကြီးကြပ်ရေး အဖွဲ့နှင့် လားရှိုးမြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် 

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ခင်လှိုင်နှင့် အဖွဲ့ဝင်များက တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံသည်။ဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး က အဖွင့် အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ  စား သောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးသန်းထွန်းဦး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံ တက်ရောက် ကုသမှု ခံယူလျက်ရှိသော အရာရှိ၊စစ်သည်များအားတွေ့ဆုံပြီး တစ်ဦးချင်း၏ ကျန်းမာရေး အခြေအနေများ၊ ဆေးဝါးကုသaပးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများအား မေးမြန်းအားပေးစကားပြော ကြား ကာ စားသောက် ဖွယ်ရာများပေးအပ်ခဲ့ ကြောင်း သတင်း ရရှိ သည်။         

Read 513 times Last modified on Monday, 07 August 2017 08:25