SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲပြုလုပ်

Thursday, 14 September 2017 08:10 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၃

၂ဝ၁၇ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက် ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ အားကစား ခန်းမ၌ပြုလုပ်ရာ

တိုင်းမှူးဗိုလ်ချုပ်သက်ပုံနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အားကစား ဝါ သနာရှင်များက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ် စားပြု အသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။

ထို့နောက် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်က တပ်မတော်ခြင်းလုံး ကော်မတီ အတွက် ခြင်းလုံး ၅ဝ ပေးအပ် လှူဒါန်းရာ တပ်မတော်ပိုက်ကျော်ခြင်းကော် မတီဥက္ကဋ္ဌ က လက်ခံရယူသည်။ ဆက်လက်၍ ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပိုက် ကျော်ခြင်း တံခွန်စိုက်ဒိုင်းဆုများရရှိကြသည့် ကွင်းသွင်းပြိုင်ပွဲတွင် ကာကွယ်ရေး ဦးစီး ချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်း၊ နှစ်ယောက်တွဲ(အငယ်တန်း)ပြိုင်ပွဲတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ နှစ်ယောက် တွဲ(အကြီးတန်း)ပြိုင်ပွဲနှင့်   သုံးယောက်တွဲ (အငယ်တန်း)ပြိုင် ပွဲများတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)ကိုယ်စားပြုအသင်း၊ သုံးaယာက်တွဲ(အကြီးတန်း)ပြိုင်ပွဲတွင်  ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြုအသင်းတို့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား တိုင်းမှူးက တံခွန်စိုက် ဒိုင်း ဆုနှင့် ဆုများအသီးသီး ပေးအပ်သည်။အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို   တပ်မ တော်(ကြည်း၊ ရေ၊ လေ) တိုင်း/တပ်မဌာနချုပ်များမှ ပြိုင်ပွဲဝင် အသင်း ၃၄ သင်းဖြင့် စက်တင်ဘာ ၄ ရက်မှ ယနေ့အထိ ပြုလုပ် ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

Read 419 times Last modified on Thursday, 14 September 2017 08:14