SJ WorldNews - шаблон joomla Авто

အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Thursday, 14 September 2017 08:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၃

အရည်အချင်းပြည့်ဝသည့် တပ်မတော်သား လက်ဖြောင့်သေနတ်သမားများပေါ်ထွန်း လာစေ ရန် နှင့် နိုင်ငံ ကိုယ်စားပြု သေနတ်ပစ်လက်ရွေးစင်အားကစားသမားများ စဉ်ဆက် မပြတ်မွေး ထုတ်ပေး

နိုင်ရန် ရည်ရွယ်ပြုလုပ်သည့် အနောက်တောင်တိုင်းစစ်ဌာနချုပ်၏၂ဝ၁၇ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင်  ပုသိမ်မြို့ရှိ နယ်မြေခံတပ်   စက်ပစ်ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်တေ ဇကျော် တက်ရောက် အမှာစကား ပြောကြား သည်။ထို့နောက် တိုင်းမှူးနှင့် အရာရှိ၊ စစ်သည်၊မိသားစုများ၊ အားကစားဝါသနာရှင်များကအမျိုးသမီးပစ္စတိုထိလဲပစ်ခတ်စဉ်နှင့် အမျိုးသား ရိုင်ဖယ်ထိလဲ ပစ်ခတ်စဉ် သရုပ်ပြ ပစ်ခတ်မှုများနှင့် ပထမနေ့ပွဲစဉ်များဖြစ်သည့် အမျိုး သမီး ပစ္စတို အမှတ် ပေး ပစ်ခတ်စဉ်နှင့် အမျိုးသား ပစ္စတိုအမှတ်ပေးပစ်ခတ်စဉ် ယှဉ်ပြိုင်ပစ်ခတ်မှုများကို ကြည့်ရှု အားပေးပြီး သရုပ်ပြအဖွဲ့အား တိုင်းမှူးက ဂုဏ်ပြုဆုများ ပေးအပ်သည်။

အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်းနှင့် အမျိုးသမီး အသင်း ၂၈ သင်းဖြင့် စက်တင်ဘာ ၂ဝ ရက်အထိ   ယှဉ်ပြိုင် ပစ်ခတ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။         

Read 381 times Last modified on Thursday, 14 September 2017 11:29