SJ WorldNews - шаблон joomla Авто

ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများ၊ အဝတ် အထည်များနှင့် အလှူငွေများပေးအပ် လှူဒါန်း

Thursday, 14 September 2017 08:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၃

ရခိုင်ပြည်နယ် အတွင်း ARSA  အစွန်း ရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက် တိုက် ခိုက်မှု လုပ်ရပ်များကြောင့် နေရပ် စွန့်ခွာ တိမ်းရှောင်နေရသည့်

ဒေသခံ တိုင်းရင်း သားပြည် သူများ၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင် လျက်ရှိ သည့်   လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ၊ အဝတ် အထည် များနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့ လယ်ပိုင်းတွင် စစ်တွေမြို့ ရှိ  နယ်မြေခံတပ်၌ ပြုလုပ်သည်။

ထို့နောက် အလှူရှင်များဖြစ်ကြသည့် ရောင်နီဦးပရဟိတအသင်းနှင့် ၎င်းတို့၏ မိတ်ဆွေများမှ ငွေကျပ် ၃၂၅ သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် အဝတ် အထည် များ၊ အကြမ်းဖက်မှုဖြစ်စဉ်တွင် ကျဆုံးခဲ့သည့် ရဲ ဝန် ထမ်း ၁၁ ဦးနှင့် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦး အတွက် တစ်ဦး လျှင် ငွေကျပ်သုံးသိန်းဖြင့် ငွေကျပ် ၃၆ သိန်း တို့ကို ပေးအပ်လှူဒါန်းကြရာ ဗိုလ်မှူးချုပ် လှမြင့်စိုးနှင့်အဖွဲ့ဝင်များက လက်ခံရယူပြီး ကျေး ဇူးတင်စကား  ပြန်လည်ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။           

Read 402 times Last modified on Thursday, 14 September 2017 11:28