SJ WorldNews - шаблон joomla Авто

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများထောင်ထားသည့် ဒေသန္တရ လက်လုပ်မိုင်း ခြောက်လုံးတွေ့ရှိ

Thursday, 14 September 2017 08:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ  ၁၃

ရသေ့တောင်မြို့နယ် နယ်မြေ(၁၁) စေတီပြင်မှ  လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  ယနေ့မွန်းလွဲ ၂ နာရီ တွင် ပေါက်ပင်ရင်းတိုင်းရင်းသား ကျေးရွာသို့ ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများပို့ဆောင်ပြီး

ပြန်လည် ထွက်ခွာလာခဲ့ရာ ညနေ၃ နာရီ ၁ဝ မိနစ်တွင် အောက်နန်းရာကျေးရွာ အနီးသို့ ရောက်ရှိစဉ် ရွာအနီး ကားလမ်းဘေး၌ မသင်္ကာဖွယ် ပလတ်စတစ်စအား တွေ့ရှိသဖြင့် တူးဖော်ခဲ့ရာ ကား ပစ္စတင်ဖြင့်ပြုလုပ်ထားသည့် အရှည် ၁၂ လက်မ၊ အချင်း ၄ လက်မခန့်ရှိဒေသန္တရ လက်လုပ်မိုင်း နှစ်လုံး၊ သံပိုက်ဖြင့်ပြုလုပ်ထားသည့် အရှည် ၉ လက်မ၊ အချင်း ၂ လက် မခန့်ရှိ   ဒေသန္တရ လက် လုပ် မိုင်း လေးလုံး စုစုပေါင်း ဒေသန္တရလက်လုပ်မိုင်း ခြောက်လုံး တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်ပြီး သိမ်းဆည်းခဲ့ရကြောင်းသိရသည်။

ထို့ပြင်   တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ ၄ နာရီခွဲ က မောင်တောမြို့နယ် ငါးရံ့ချောင်း ဘင်္ဂါလီကျေးရွာ အတွင်း ကျန်ရှိသည့် ဘင်္ဂါလီ အိမ်ထောင် စု ၁၁ စု၊ မိသားစုဦးရေ ၁ဝဝ ခန့်အား ဆန်သုံးအိတ်၊ ငရုတ်သီးခြောက်တစ်အိတ်၊ ဆီတစ်ပုံး၊ ငါးခြောက်အိတ် တစ်အိတ်၊ ကြက်အူချောင်း တစ်ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးချို့ တဲ့နေသည့်  ဘင်္ဂါလီလူမျိုး ၁၈ ဦးအား ကျန်းမာရေး စောင့်ရှောက် မှုများပြု လုပ်ပေးခဲ့ကြောင်း သိရသည်။

Read 369 times Last modified on Thursday, 14 September 2017 11:09