SJ WorldNews - шаблон joomla Авто

လေးကျွန်းရန် အာင်ဖောင်တော်ဦး ဘုရား(ရေကြည်ဦးဘုရား) ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ကံ့ကော်ပင်များ စုပေါင်းစိုက်ပျိုး

Monday, 07 August 2017 08:27 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ် 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ လေးကျွန်း ရန်အောင် ဖောင်တော်ဦး ဘုရား (ရေ ကြည်ဦးဘုရား) ပတ်ဝန်းကျင် စိမ်းလန်းစိုပြည် ရေးအတွက် သစ်ပင် စိုက်ပျိုးပွဲကို သြဂုတ် ၅ ရက် နံနက် ပိုင်းတွင် ပြုလုပ်ရာ

အနောက် တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြပြီး ကံ့ကော်ပင် ၂၂ဝ ပင်အား စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

ထို့ပြင် ဘုရား ရင်ပြင်တော်နှင့် ပတ်ဝန်းကျင် သန့်ရှင်း သာယာ လှပစေရေး အတွက် နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များက ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်း ခြင်း နှင့် ချုံနွယ်များ ရှင်းလင်းခြင်းတို့အား စုပေါင်း လုပ်အားဒါန ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင် ရွက်ပေး နေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးပြီး ဘုရားအတွက် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။         

Read 523 times Last modified on Monday, 07 August 2017 08:39