SJ WorldNews - шаблон joomla Авто

စေတီပုထိုးများနှင့်ဆေးရုံတို့၌ စုပေါင်း လုပ်အားပေး ဆောင်ရွက်

Sunday, 17 September 2017 09:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော် စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊    နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်ဝင်း အတွင်းရှိ မင်းကွန်း ဆရာတော်ဘုရားကြီး တည်ဆောက်ခဲ့သည့်

မဟာသိမ်တော်ကြီးနှင့် မဟာကန်တော်ကြီး ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာန ချုပ်၊ ရန်ကုန်တပ်နယ်မှ တပ်မတော်သားများက အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်း မြက်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးသည်။

အလားတူ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ သမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက် စေတီတော်နှင့် လှည်းကူးမြို့နယ်၊ မင်းလွင်ကုန်းကျေးရွာရှိ   တပ်မတော်ဆေးရုံတို့၌ သန်လျင်တပ်နယ်နှင့် အင်းတိုင်တပ်နယ်တို့မှ တပ်မတော်သားများက စေတီတော် ပရိဝုဏ်နှင့် ဆေးရုံဝင်းအတွင်း/အပြင်ရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို စုပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း     သတင်းရရှိသည်။

Read 414 times Last modified on Sunday, 17 September 2017 09:06