SJ WorldNews - шаблон joomla Авто

တောင်ကြီးမြို့၊ ရွှေမုဋ္ဌော ဘုရားတောင်၌ တည်ထား ကိုးကွယ်တော်မူသော ရွှေချမ်းသာ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံအလှူတော် ရေစက်ချ မင်္ဂလာပြုလုပ်

Saturday, 20 April 2019 09:40 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့၊  ရွှေမုဋ္ဌောဘုရားတောင်၌ တည်ထား ကိုးကွယ်တော်မူသော   ရွှေချမ်းသာ စေတီတော်မြတ်ကြီးအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ အမှူးထား၍ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အလှူရှင်များက စုပေါင်းလှူဒါန်းသည့်စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံအလှူတော် ရေစက်ချမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆို ပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ပြုလုပ်ရာ ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အမှူးပြုသော သံဃာတော်များက ရွှေချမ်းသာစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စွန်းလွန်းကျောင်းတိုက် ဆရာတော်  အဂ္ဂမဟာကမ္မဋ္ဌာနာ ဘဒ္ဒန္တအဂ္ဂဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာ တော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။

၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး  လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

အဆိုပါစေတီတော်မြတ်ကြီးကို ရှေးယခင် အခါက မုဆိုး''မ''ဘုရားဟု ခေါ်တွင်သမုတ်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၆၁ ခုနှစ်တွင် မြိုင်ကြီးငူဆရာတော် ဘုရားကြီးနှင့် တပည့် သံဃာတော် ၂၄ ပါးတို့က ပြန်လည်မွမ်းမံ တည်ဆောက်၍ ရွှေချမ်းသာ စေတီတော်ဟု ခေါ်တွင် သမုတ်တော်မူခဲ့သည်။ ယနေ့တွင် စေတီတော်ကြီး၏ ချို့ယွင်း ပျက်စီးနေမှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ အမှူးထား၍ တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အလှူရှင်များ စုပေါင်း၍ ဘက်စုံမွမ်းမံပြုပြင် လှူဒါန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 54 times Last modified on Monday, 22 April 2019 14:27