SJ WorldNews - шаблон joomla Авто

ရွှေကျင်မြို့နယ်နှင့် ရွှေတောင်မြို့နယ် အတွင်းရှိ ကျေးရွာများ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်၊ ကျန်းမာရေး အသိပညာပေး ဟောပြော

Sunday, 21 April 2019 09:51 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး၊ရွှေကျင်မြို့နယ်၊အထက်မဲဇောင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာရှိ မြရတနာဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင် ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၉၇ ဦးတို့ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ အရိုး/အကြော ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

အလားတူ ရွှေတောင်မြို့နယ်၊ ကြို့ကုန်း ကျေးရွာ၊ ရွှေတောင်ဘိုးဘွားရိပ်သာရှိ ဘိုးဘွား များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၆၈ဦး တို့ကို တိုင်းစစ်ဌာနချုပ်နယ်လှည့်ဆေးကုသရေး အဖွဲ့က ရိပ်သာရှိ ပညာမဂ္ဂင်ဓမ္မာရုံ၌ သွားနှင့် ခံတွင်းရောဂါ၊ သွေးတိုးရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ဆီးချိုရောဂါ၊ မျက်စိ ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍  လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်း များ ဆောင်ရွက်ပေးပြီး ဆေးရုံလွှဲပြောင်းကုသရန်လိုအပ်သူလေးဦးအား ပြည်မြို့ရှိ တပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး  စီစဉ် ဆောင်ရွက်ပေးသည်။

ထို့ပြင် ဆေးကုသရေးအဖွဲ့က ဘိုးဘွားများနှင့် ဒေသခံပြည်သူများအား သွေးတိုး ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာ ပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။     

(၁ဝဝ)

Read 45 times Last modified on Monday, 22 April 2019 14:26