SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ စေတီပုထိုးများနှင့် ကျောင်းတိုက်များ၌ စုပေါင်း လုပ်အား ဒါန ပြုလုပ်

Sunday, 21 April 2019 09:52 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ဘုရား၊ စေတီပုထိုးများနှင့်ဘုန်းတော် ကြီးကျောင်းတိုက်များ၌ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများက စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်ရှိ စွယ်တော်မြတ် စေတီတော်၊ ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်ရှိ မဟာဝိနယာလင်္ကာရ ကျောင်းတိုက်၊ အင်းစိန်မြို့နယ်ရှိ လောက ချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ် ကြီး(ကျောက်တော်ကြီးဘုရား)၊ မင်္ဂလာဒုံ မြို့နယ်၊ ပြည်တော်သာရပ်ကွက်ရှိ သမိုင်းဝင် ကျိုက္ကလော့စေတီတော်မြတ်ကြီး၊ မှော်ဘီမြို့ နယ်၊ ရေပြာကျေးရွာရှိ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာကျောင်း(ဂျပန်ဘုရား)၊ တိုက်ကြီး မြို့နယ်၊ ဘူတာရပ်ကွက်ရှိ ဘုရားကြီးကျောင်း တိုက်၊ လှည်းကူးမြို့နယ်၊ အင်းထားဝယ်ကျေး ရွာရှိ ကျိုက်ဒေးစတိုးစေတီတော်မြတ်ကြီး၊ သန်လျင်မြို့နယ်ရှိ    ရှေးဟောင်းသမိုင်းဝင်  ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး နှင့် ဆိပ်ကမ်းမြို့နယ်ရှိ ဗိုလ်တထောင်ကျိုက် ဒေးအပ်ဆံတော်ဦးစေတီတော်တို့၌ တိုင်းစစ် ဌာနချုပ်၊ တပ်နယ်အသီးသီးမှ တပ်မတော် သားများက ချုံနွယ်ပေါင်းမြက်များခုတ်ထွင် ရှင်းလင်းပေးခြင်း၊ ရေဆေးကြောသန့်စင်ပေး ခြင်းနှင့် သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို လုပ်အား ဒါနအဖြစ် စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                       

(၁ဝဝ)

Read 67 times Last modified on Monday, 22 April 2019 14:21