SJ WorldNews - шаблон joomla Авто

တောင်ငူမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Sunday, 12 May 2019 09:07 font size decrease font size decrease font size increase font size increase font size

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ ဒေသခံ ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က အဆိုပါ ရပ်ကွက်ရှိ သာသနာ့ဗိမာန်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိ ပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၇၅ ဦးကို သွေးတိုး ရောဂါ၊ အစာအိမ် ရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ အူလမ်းကြောင်း ဆိုင်ရာ ရောဂါ၊ အရိုး/အကြော ရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်း မာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ် စစ်ဆေး ပေးခြင်း၊ Ultrasound စက်များဖြင့် ရောဂါရှာဖွေ ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သူ ၁၂ ဦးကို တောင်ငူမြို့ရှိ တပ်မတော် ဆေးရုံသို့ တက် ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။ ထို့ပြင် ဆေးကုသရေး အဖွဲ့က ဒေသခံ ပြည်သူများအား အပူလွန်ကဲခြင်းကြောင့် ဖြစ်သော ရောဂါများ အကြောင်း ကျန်းမာရေး အသိ ပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက် ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု အားပေးပြီး ဒေသခံ ပြည်သူများအား ဆေးမျက်မှန်များ တပ်ဆင် လှူဒါန်းပေးကာ သုတ၊ ရသ စာအုပ် များနှင့် စားသောက် ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 31 times Last modified on Sunday, 12 May 2019 09:07