SJ WorldNews - шаблон joomla Авто

စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

Sunday, 12 May 2019 09:07 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အင်းဝ ကျောင်းတိုက် အတွင်း/ အပြင်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရေး အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ တိုက်ကြီး တပ်နယ်မှ တပ်မတော် သားများက မေ ၁ဝ ရက် နံနက် ပိုင်းတွင် အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း စသည့် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

အလားတူ အင်းစိန်မြို့နယ်၊ ရွာမအနောက် ရပ်ကွက်ရှိ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်နှင့် သန်လျင်မြို့နယ်၊ အေးမေတ္တာရပ်ကွက်ရှိ မြို့ဦးစက်ပစ်ကွင်း ကျောင်းတိုက်များ အတွင်း/ အပြင်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာမှု ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် သက်ဆိုင်ရာ တပ်နယ်အသီးသီးမှ တပ်မတော် သားများ က ရေမြောင်းများ ပြန်လည်တူးဖော် ပေးခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 54 times Last modified on Sunday, 12 May 2019 09:08