SJ WorldNews - шаблон joomla Авто

အခြေခံပညာ စာသင်ကျောင်း များ၌ စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်

Sunday, 12 May 2019 09:36 font size decrease font size decrease font size increase font size increase font size

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်စေရန် နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး တို့အတွက် သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များ အလိုက် အခြေခံပညာ ကျောင်းများ၌ သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင်ရွက် ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက် ပေးရာတွင် ယနေ့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မ တော်သားများက ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း နှင့် ဇေယျာသီရိမြို့နယ် အတွင်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း များ၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မြစ်ကြီးနား မြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက နမ့်စန်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်း၊ မြို့မအခြေခံပညာ အထက်တန်းကျောင်း၊ ခိုလမ်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်းနှင့် အခြေခံပညာ မူလတန်းလွန် ကျောင်းများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်ရှိ အခြေခံ ပညာ အထက်တန်းကျောင်း၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေခံပညာ အလယ်တန်း ကျောင်း (နဝရတ်)နှင့် ဘီးလင်းမြို့နယ်၊ ကဇိုင်းကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း များ၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက မှော်ဘီ မြို့နယ်၊ သန္ဓေပင် ကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်း၌ လည်းကောင်း၊ အေ နာက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ပုသိမ်မြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းနှင့် ကွင်းကောက်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်း (ကွင်းကောက်)၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက မုံရွာမြို့နယ်၊ အလုံတပ်မြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီး ကျေးရွာ၊ အခြေခံပညာ အလယ်တန်း ကျောင်း၊ ဝါးတန်းလေး ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၊ တပ်တွင်း အခြေခံပညာ မူလတန်း ကျောင်း၊ ရွှေဘိုမြို့၊ တပ်တွင်း အခြေခံပညာ အလယ်တန်း ကျောင်းခွဲ၊ ပခုက္ကူမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ရွာသစ်ကုန်း ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်း၊ စစ်ကိုင်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ မတူပီမြို့၊ တပ်တွင်း အခြေခံ ပညာ မူလတန်းကျောင်း၊ ဖနိုင်ကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ၊ ဟားခါးမြို့၊ တပ်တွင်း အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကလေးမြို့နယ်၊ စခန်းကြီး ကျေးရွာ၊ အခြေခံ ပညာ အထက်တန်းကျောင်း၊ တပ်တွင်း အခြေခံပညာ အလယ်တန်း ကျောင်း၊ အမှတ်(၄) အခြေခံ ပညာ မူလတန်းကျောင်း၊ ဟုမ္မလင်းမြို့၊ အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်း နှင့် ခန္တီးမြို့၊ အမှတ်(၆) အခြေခံပညာ မူလတန်းကျောင်းများ၌ လည်းကောင်း၊ အလယ်ပိုင်း တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သား များက နန်းမြို့တွင်းနှင့် မန္တလေး တပ်နယ် အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက ရေတာရှည် မြို့နယ်၊ ရေနီမြို့၊ အခြေခံပညာ အထက်တန်း ကျောင်း၊ အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်း အခြေခံပညာ အထက်တန်းကျောင်း၊ ပြည်မြို့၊ ဆင်စု ရပ်ကွက်ရှိ ပညာရေး ကောလိပ်နှင့် အင်းမမြို့ အခြေခံပညာ အထက်တန်း ကျောင်းတို့၌ လည်း ကောင်း အသီးသီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက် ပေးရာတွင် တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ က ကျောင်းဝင်းများ အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက် များ ရှင်းလင်းခြင်းနှင့် စာသင်ကျောင်း အမိုးများ ပြန်လည် ပြုပြင်ပေးခြင်း၊ စာသင်ခုံများ နေရာ ချထား ပေးခြင်း နှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ခြင် ဆေး ဖျန်းခြင်း၊ abate ဆေးခတ်ခြင်း နှင့် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ စုပေါင်း ဆောင် ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှု များကို တိုင်းမှူးများ နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု ၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 37 times Last modified on Sunday, 12 May 2019 09:51