Print this page

သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ် မတော် သားများက သောက်သုံးရေများ ဆက်လက် ဖြန့်ဝေ လှူဒါန်း

Sunday, 12 May 2019 09:51 font size decrease font size decrease font size increase font size increase font size

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေ ရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များမှ တပ်မတော် သားများက ရေ သယ်ယာဉ် များဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေ လှူဒါန်းပေးလျက် ရှိသည်။

ထိုသို့ ဖြန့်ဝေ လှူဒါန်းပေးလျက် ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က ကလော မြို့ နယ်၊ အမှတ်(၉) ရပ်ကွက်နှင့် ရပ်စောက်မြို့နယ်၊ ငါးပင်ရွာသစ် ကျေးရွာများသို့ သောက်သုံး ရေ ဂါလန် ၆၄ဝဝကို လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က ကရင်ပြည်နယ်၊ ဘား အံမြို့၊ အမှတ်(၁) ရပ်ကွက်သို့ သောက်သုံးရေ ဂါလန် ၆ဝဝဝ ဂါလန်နှင့် သောက်ရေသန့်ဘူး ကြီး များကို လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်က လှည်းကူးမြို့နယ်၊ ဒါးပိန်မြောက် ကျေးရွာ၊ ကျွဲကူးဆိပ် ကျေးရွာ၊ တောရကျေးရွာ၊ ကွမ်းခြံကုန်း မြို့နယ်၊ လက်ခုပ်ကုန်း ကျေးရွာ အုပ်စု၊ မြိုင်သာယာ ကျေးရွာများသို့ သောက်သုံးရေ ဂါလန် ၂၆ဝဝ ဂါလန်နှင့် သောက်ရေသန့် ဘူးကြီးများကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်က မြန်အောင် မြို့နယ်၊ ဆင် ကျုံး ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂၅ဝဝ ကို လည်းကောင်း၊ အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်က အမ်းမြို့နယ်၊ ကြောင်ဖြူကွင်း ကျေးရွာနှင့် ဒိုင်းကြီး ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၆၂ဝဝ ဂါလန် နှင့် သောက်ရေသန့် ဘူးကြီးများကို လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် က ပြင်ဦးလွင် မြို့နယ်၊ ကျင်ဂနိုင် ကျေးရွာရှိ ဖားအောက်တောရ တိုးချဲ့ကျောင်း၊ သာစည်မြို့နယ်၊ မကျီးရိုးကျေးရွာ နှင့် သပိတ်ကျင်း မြို့နယ်၊ ၇ မိုင် အောင်ချမ်းသာ ကျေးရွာ များသို့ သောက်သုံးရေ ဂါလန် ၁၅၉ဝဝ ကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု၊ အလယ်ရွာနှင့် ကံရွာ၊ ဖြူးမြို့နယ်၊ ဇဟား အုပ်စု၊ အရှေ့ဇဟား ကျေးရွာနှင့် အနောက်ဇဟား ကျေးရွာ၊ ပြည်မြို့နယ်၊ မအူကျေးရွာ၊ ပန်းတောင်း မြို့နယ်၊ ဇီးခုံရွာသစ်နှင့် တောင်ဘို့ကြီး ကျေးရွာများသို့ သောက်သုံးရေ ဂါလန် ၉ဝ၄၇ ဂါလန် နှင့် သောက်ရေသန့်ဘူးကြီး များကို လည်းကောင်း အသီးသီး သွားရောက် ဖြန့်ဝေ လှူဒါန်း ကြသည်။

ရေလှူဒါန်းမှု အနေဖြင့် ယနေ့တွင် တိုင်းစစ် ဌာနချုပ် ၇ တိုင်း တို့မှ သောက်သုံးရေဂါလန် ၄၈၆၄၇ နှင့် ရေသန့် ဘူးများကို လှူဒါန်း ပေးနိုင်ခဲ့ပြီး အဆိုပါ သောက်သုံးရေ ရှားပါးမှု ကြုံတွေ့ နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက် အပေါ် မူတည်၍ ဆက်လက် လှူဒါန်း သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

(၁၀၀)

Read 35 times Last modified on Sunday, 12 May 2019 10:02