SJ WorldNews - шаблон joomla Авто

ရေကြောင်းလူငယ်နှင့် လေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများအား တွေဆုံ

Sunday, 12 May 2019 10:02 font size decrease font size decrease font size increase font size increase font size

ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ နယ်မြေတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော ရေ ကြောင်းလူငယ် တန်းမြင့်သင်တန်း၊ ရေကြောင်းလူငယ် အခြေခံ သင်တန်းနှင့် လေကြောင်း လူငယ် အခြေခံ သင်တန်း အမှတ်စဉ် (၁/၂ဝ၁၉)မှ သင်တန်းသား၊ သင်တန်းသူ များအား တွေ့ဆုံ ပွဲကို မေ ၁ဝ ရက် နံနက်ပိုင်းတွင် တိုင်းစစ် ဌာနချုပ် တိုင်းရန်အောင် ခန်းမ၌ ပြုလုပ် ရာ တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့် အဖွဲ့ဝင်များ၊ သင်တန်း နည်းပြများ၊ သင်တန်း သား၊ သင်တန်းသူ များနှင့် ၎င်းတို့၏ မိဘများ တက်ရောက် ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သင် တန်းသား၊ သင်တန်းသူများနှင့် ကျောင်းသား မိဘများအား နံနက်စာဖြင့် တည်ခင်း ဧည့်ခံပြီး ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။ ဆက်လက်ပြီး တိုင်းမှူးနှင့် အဖွဲ့ဝင်များက တပ်မတော် လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ဒေသန္တရ ဗဟုသုတ လေ့လာရန် ခရီးထွက်ခွာမည့် ရေကြောင်း လူငယ် အခြေခံ သင်တန်းနှင့် တန်းမြင့်သင်တန်း တို့မှ သင်တန်းသား၊ သင်တန်းသူ များအား မြိတ်လေတပ် စခန်း ဌာနချုပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့သည်။

အဆိုပါ သင်တန်းသား၊ သင်တန်းသူ များသည် မေ ၁၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့ နှင့် နေပြည်တော် မြို့များ၌ စခန်းပေါင်းစုံ တွေ့ဆုံပွဲများ နှင့် ဒေသန္တရ ဗဟုသုတ လေ့လာရေး ခရီးစဉ် သွားရောက်ကြခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 34 times Last modified on Sunday, 12 May 2019 10:08