SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

Monday, 13 May 2019 08:06 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၁၂

နှစ်စဉ် နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက် ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ်က မိုင်းဆတ်မြို့နယ်၊ နောင်ဘိုကျေးရွာ၊ ဝိန်းလိတ်ကျေးရွာ၊ နောင်တုံကျေးရွာ၊ ဖားမိုက်(အပေါ်) ကျေးရွာများသို့ သောက်သုံးရေဂါလန် ၅ဝဝဝ အားလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်က သုံးခွမြို့နယ်၊ ပိုက်စီးကျေးရွာသို့ သောက်ရေသန့်ဘူးကြီး များကို လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်က ပေါက်မြို့နယ်၊ မျှားပိုင်းကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၂ဝဝဝ အားလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ပုသိမ်မြို့နယ်၊ လေးမျက်နှာကျေးရွာ၊ ဟိုင်းကြီးမြို့နယ်၊ မဲခရဲကျေးရွာအုပ်စု၊ ကုလားမကွင်းကျေးရွာ၊ ကနုကမာကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၃ဝဝဝ ကို လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု၊ ဝမ်းဘဲစာကျေးရွာ၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ကြာအင်းကျေးရွာ၊ မသုန်ကျေးရွာများသို့ သောက်သုံးရေဂါလန် ၈ဝ၄ဝ နှင့် သောက်ရေသန့်ဘူးကြီး များကိုလည်းကောင်း အသီးသီး သွားရောက်ဖြန့်ဝေ လှူဒါန်းကြသည်။

ရေလှူဒါန်းမှု အနေဖြင့် ယနေ့တွင် တိုင်းစစ်ဌာနချုပ် ၅ တိုင်းတို့မှ သောက်သုံးရေဂါလန် ၂၈ဝ၄ဝ နှင့် ရေသန့်ဘူးများကို လှူဒါန်းပေးနိုင်ခဲ့ပြီး အဆိုပါ သောက်သုံးရေ ရှားပါးမှုကြုံတွေ့နေရသော နေရာများသို့ သောက်သုံးရေ လိုအပ်ချက်အပေါ် မူတည်၍ ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 28 times Last modified on Monday, 13 May 2019 08:09