SJ WorldNews - шаблон joomla Авто

သနပ်ပင်မြို့နယ်အတွင်း လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်

Friday, 24 May 2019 08:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ် အတွင်း မေ ၂၂ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအတွင်းရှိ သစ်ပင်များပြိုလဲခြင်း၊လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုကျခြင်း များဖြစ်ပေါ်ခဲ့သည်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည့် သနပ်ပင်မြို့နယ်၊ ရေကျော် ကျေးရွာသို့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပဲခူးတပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 43 times Last modified on Friday, 24 May 2019 08:35