SJ WorldNews - шаблон joomla Авто

ငြိမ်းချမ်းစွာ နေထိုင်ရခြင်း၏ အနှစ်သာရကို သိရှိနားလည် လာကြသဖြင့် မူဆယ်မြို့နယ်၌ KIA အဖွဲ့ဝင်နှစ်ဦးနှင့် TNLA အဖွဲ့ဝင်တစ်ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

Friday, 24 May 2019 08:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် တပ်မတော်စခန်းများသို့ မေ၂၂ ရက် နံနက်ပိုင်းတို့တွင် KIA အဖွဲ့ဝင်နှစ်ဦးနှင့် TNLA အဖွဲ့ဝင်တစ်ဦး လက်နက်ငယ် နှစ်လက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေး ကာလသက်တမ်း တိုးမြှင့်ပေးခဲ့သည့် တပ်မတော်၏ သဘောထားအမှန်များကို သိရှိလာခြင်းကြောင့် ယခုကဲ့သို့ လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ၎င်းတို့၏ အဖွဲ့အစည်းများအတွင်း ငြိမ်းချမ်းရေး၏ အနှစ်သာရကို သိရှိလာသူများ၊ ငြိမ်းချမ်းရေး လိုချင်သူများ၊ အေးချမ်းစွာ နေထိုင်လိုသူများ၊ လက်နက်စွဲကိုင်လိုရာ တောင်းခြင်းဖြင့် အကျိုးမရှိနိုင်ခြင်းကို သိရှိလာသူများ၊ တိုက်ပွဲများကြောင့် ဒေသခံပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေရသည်ကို တွေ့မြင်နေရသဖြင့် ဆက်လက် တိုက်ပွဲဝင်လိုစိတ် မရှိတော့သူများနှင့် အခြေအနေပေးပါက ဥပဒေဘောင်အတွင်း ထပ်မံဝင်ရောက်လိုသူများ အများအပြား ကျန်ရှိနေသေးကြောင်း သိရှိရသည်။

ယခင်ကလည်း တပ်မတော်မှ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေး အတွက် ထုတ်ပြန်ချက် ကြေညာထားသည့် ကာလအတွင်း ဧပြီ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် မူဆယ်မြို့နယ်ရှိ၊ တပ်မတော်လုံခြုံရေး စခန်းများသို့ ငြိမ်းချမ်းရေး လိုချင်ကြသည့်  KIA  အဖွဲ့မှ ဆေးမှူး ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် အဖွဲ့ဝင်ခြောက်ဦးနှင့် TNLA အဖွဲ့ဝင်ခုနစ်ဦး စုစုပေါင်း ၁၃ ဦး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း သတင်း ထုတ်ပြန် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

ယခုအကြိမ် ဝင်ရောက်လာကြသူများကိုလည်း တပ်မတော်မှ နွေးထွေးစွာ ကြိုဆိုခဲ့ကြကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                           

(၁ဝဝ)

Read 82 times Last modified on Friday, 24 May 2019 08:51