SJ WorldNews - шаблон joomla Авто

၂ဝ၁၉ ခုနှစ်၊ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမ ပွဲစဉ်ဖွင့်ပွဲပြုလုပ်

Friday, 24 May 2019 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၃

မြန်မာနိုင်ငံတွင် ထူးချွန်သော ဂေါက်သီးရိုက် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ ပေါ်ထွက်လာစေရေးနှင့်  အနာဂတ်တွင် ဂေါက်သီး ရိုက်မျိုးဆက်သစ် လူငယ် အားကစားသမားများ ပေါ်ထွက် လာစေရေးတို့အတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ကကြီးမှူး၍ Myanmar Zwe Mann Co., Ltd မှ  အဓိက ကူညီပံ့ပိုးသည့် ၂ဝ၁၉ ခုနှစ်၊ မြန်မာပြည်တွင်း ပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမ ပွဲစဉ် ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် ဂေါက်ကွင်း၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိကြီးများ၊ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ ချုပ်မှ နာယက များနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် အားကစား သမားများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲဝင် အားကစားသမားများက သတ်မှတ်တီခုံများ၌ နေရာယူကြပြီး နယ်မြေခံ တပ်မှ တာဝန်ရှိသူများ၊ မွန်ပြည်နယ် စည်ပင် သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းကျော်လွင်၊ မြန်မာနိုင်ငံဂေါက်သီး အဖွဲ့ချုပ် နာယက ဗိုလ်ချုပ် ဇာနည်ဝင်း (အငြိမ်းစား)၊ မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် Myanmar Zwe Mann Co., Ltd မှ မန်နေးဂျင်း ဒါရိုက်တာ ဦးဝင်းဇော်တို့က အလှည့်ကျ ဂေါက်သီးရိုက် ဖွင့်လှစ် ပေးကာ ပြိုင်ပွဲကို စတင်ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ပညာရှင် အဆင့် ၃၁ ဦး၊ ဝါသနာရှင် အဆင့် အမျိုးသား ၉၆ ဦးနှင့်  ဝါသနာရှင်အဆင့်အမျိုးသမီး ၁ဝ ဦး၊ စုစုပေါင်း ၁၃၇ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြသည်။

၂ဝ၁၉ ခုနှစ်၊ မြန်မာပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲများကို Myanmar Zwe Mann Co., Ltd., MWD Bank, SAE PAING Development Ltd., Telecom International Myanmar Co., Ltd. (Mytel), Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort(Myanmar), INNWA  Bank  တို့က အဓိကကူညီပံ့ပိုးပေး ထားပြီး အားကစားသမားများ သွားလာမှု လွယ်ကူစေရန် ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်မှ ကူညီပံ့ပိုး ပေးထားကြောင်းနှင့် ပြိုင်ပွဲအား ယနေ့မှ မေ ၂၆ ရက်အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 31 times Last modified on Friday, 24 May 2019 08:44