SJ WorldNews - шаблон joomla Авто

လွိုင်ကော်မြို့နယ်၊ ကျောက်တောင် ကျေးရွာ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Friday, 24 May 2019 08:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၃

ကယားပြည်နယ်၊လွိုင်ကော်မြို့နယ်၊ ကျောက်တောင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊နယ်လှည့်ဆေးကုသရေး အဖွဲ့က ယနေ့နံနက်ပိုင်း တွင် အဆို ပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံ တိုင်းရင်းသားပြည်သူ ၉၇ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(၁ဝဝ)

Read 43 times Last modified on Friday, 24 May 2019 08:58