SJ WorldNews - шаблон joomla Авто

အခြေခံပညာ စာသင်ကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးများ ဆက်လက်ပြုလုပ်

Friday, 24 May 2019 09:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မေ  ၂၃

ကျောင်းသား၊ ကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့်  ကျောင်းပတ် ဝန်းကျင် သန့်ရှင်း သာယာ လှပစေရေးတို့အတွက် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များအလိုက် အခြေခံပညာ ကျောင်းများ၌ သန့်ရှင်းရေး လုပ်ငန်းများစုပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ပေးရာ၌  ယနေ့တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ကျိုက်ထိုမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း၊ ဘီးလင်း မြို့၊    အခြေခံပညာအထက်တန်းကျောင်း (ကန်သာယာ)နှင့်  အခြေခံပညာအထက်တန်း ကျောင်း(ကဇိုင်း)တို့၌လည်းကောင်း၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မ တော်သားများက ရေဖြူမြို့နယ်၊ ကျောက္ကညှာ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း နှင့် ကလိန်အောင်မြို့ရှိ အခြေခံပညာမူလ တန်းလွန်ကျောင်းတို့၌လည်းကောင်း၊   ရန်ကုန် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များက မှော်ဘီမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာရှိ  အခြေခံပညာ အလယ်တန်းကျောင်း၌ လည်း ကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက ဓနုဖြူမြို့၊ နန်းတော်ကုန်းကျေးရွာ၊ အခြေခံပညာအလယ် တန်းကျောင်း၌ လည်းကောင်း၊ အနောက်ပိုင်း  တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သား များက ငပလီမြို့၊ ဇီးဖြူကုန်း ရပ်ကွက်ရှိ အခြေခံ ပညာမူလ တန်းကျောင်း(ငပလီ)၌လည်းကောင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ အသီးသီး ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ် ဌာနချုပ်အသီးသီးမှ နယ်မြေခံတပ်မတော် သားများနှင့် မိသားစုဝင်များက ကျောင်းဝင်း များအတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်း ခြင်းနှင့် စာသင်ခုံများပြုပြင်ပေးခြင်း၊ စာသင် ခုံများနေရာချထားပေးခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ် မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

............

Read 33 times Last modified on Friday, 24 May 2019 09:07