SJ WorldNews - шаблон joomla Авто

နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း လူငယ်မောင်မယ်များအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ နွေရာသီရက်တို အခြေခံ သင်တန်းများ ဖွင့်လှစ်ပေးခဲ့

Saturday, 25 May 2019 11:23 font size decrease font size decrease font size increase font size increase font size

နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်၊ အတွေးအခေါ်မှန်ကန်စေရန်၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဖွံ့ဖြိုး တိုးတက်စေရန်၊ ကိုယ်ခန္ဓာကျန်းမာ ကြံ့ခိုင်ဖျတ်လတ် သန်စွမ်းမှုရှိစေရန်၊ မြန်မာ့ရိုးရာသိုင်းပညာများအား သိရှိနားလည် တတ်ကျွမ်းစေရန်နှင့် ယဉ်ကျေးလိမ္မာသော မျိုးဆက်သစ် လူငယ်မောင်မယ်များ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ မြန်မာ့သိုင်း၊ ဘောလုံး၊ ဘော်လီဘော၊ ရေကူး၊ အိမ်တွင်းမှု၊ စစ်အ ခြေခံ၊ ရှေးဦးသူနာပြုစုနည်းနှင့် ယဉ်ကျေးလိမ္မာ စသည့်နွေရာသီရက်တို အခြေခံ သင်တန်းများကို တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌ တပ်မတော်သား မိသားစုဝင် သားသမီး ကျောင်း သား၊ ကျောင်းသူများဖြင့် နှစ်စဉ်ဖွင့်လှစ် သင်ကြားလေ့ကျင့် ပေးနိုင်ခဲ့သည်။

ယခုနှစ်နွေရာသီ ကျောင်းပိတ်ရက်တွင် အင်္ဂလိပ်စာ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁ဝ၆၉၃ ဦး၊ ကွန်ပျူတာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၆၅၄၉ ဦး၊ မြန်မာ့သိုင်း သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၁၄၇ ဦး၊ ဘောလုံးသင်တန်းကို သင်တန်းသား ၈၈ ဦး၊ ဘော်လီဘော သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ခုနစ်ဦး၊ ရေကူးသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၈၁ ဦး၊ အိမ်တွင်းမှု သင်တန်းကို သင်တန်းသူ ၁၉၂ ဦး၊ စစ်အခြေခံ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၄၃၆ ဦး၊ ရှေးဦးသူနာပြုစုနည်း သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးနှင့် ယဉ်ကျေးလိမ္မာ သင်တန်းကို သင်တန်း သား၊ သင်တန်းသူ ၂၃၉၇၆ ဦးတို့ တက်ရောက် သင်ကြားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

Read 51 times Last modified on Saturday, 25 May 2019 11:27