SJ WorldNews - шаблон joomla Авто

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

Tuesday, 11 June 2019 10:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဇွန်   ၁ဝ

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၉ ခုနှစ်၊  တိုင်းမှူးဒိုင်း  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက်ပိုင်းတွင်  တိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့်   ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် နှစ်ယောက်တွဲပြိုင်ပွဲတွင်    ရေတာရှည်တပ်နယ် အသင်းနှင့်  တောင်ငူ တပ်နယ်အသင်း၊  သုံးယောက်တွဲ ပြိုင်ပွဲတွင် ရေတာရှည်တပ်နယ်အသင်းနှင့်  ပန်းတောင်း တပ်နယ်အသင်း၊ လေးယောက် တွဲပြိုင်ပွဲတွင် တောင်ငူတပ်နယ်အသင်းနှင့် ရေတာရှည် တပ်နယ်အသင်းများ၏ ယှဉ်ပြိုင် ကစားမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိသူများ၊ အသင်းလိုက်ဆုရရှိ ကြသူများနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဆုများအသီးသီး ပေးအပ်ပြီး  ဒိုင်အဖွဲ့ဝင်များအား  ဂုဏ်ပြု လက်ဆောင်များ ပေးအပ်သည်။

အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို နှစ်ယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲ၊ လေးယောက် တွဲပြိုင်ပွဲများဖြင့် ပြိုင်ပွဲ အမျိုးအစား သုံးမျိုးခွဲကာ ပြိုင်ပွဲဝင်အသင်း ၁၂  သင်းဖြင့် ဇွန် ၃ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။         

(၁ဝဝ)

Read 41 times Last modified on Tuesday, 11 June 2019 10:03