SJ WorldNews - шаблон joomla Авто

ဝက်လက်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

Thursday, 11 July 2019 09:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင်  ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ဇူလိုင် ၉ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေး အဖွဲ့က အဆိုပါကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူစုစုပေါင်း ၅၃၄ ဦးတို့ကို မျက်စိရောဂါ၊ အရိုး/အကြော ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် နယ်မြေခံတပ်မတော်သားများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသော ကြက်ဥများအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေး ခဲ့ကြောင်း သတင်း ရရှိသည်။

Read 40 times