စစ်တက္ကသိုလ်၊ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း လျှောက်လွှာများအား ၁၂-၆-၂၀၁၉ ရက်နေ့မှစ၍ တိုင်းစစ်ဌာနချုပ်များတွင် အခမဲ့ထုတ်ပေးလျက် ရှိရာ ၃၁-၇-၂၀၁၉ ရက်နေ့တွင် လျှောက်လွှာများ ပိတ်သိမ်းမည်ဖြစ်ပါသဖြင့် လျှောက်လွှာ ထုတ်ယူလိုသူများ နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် သွားရောက် ထုတ်ယူနိုင်ကြောင်းနှင့် လျှောက်လွှာ ထုတ်ယူထားသူများ အနေဖြင့်လည်း ဗိုလ်လောင်း လျှောက်လွှာ များအား မိမိတို့လျှောက်လွှာထုတ်ယူ ရရှိသည့် တိုင်းစစ်ဌာနချုပ်များသို့ လျှောက်လွှာပိတ်ရက်မတိုင်မီ အချိန်မီပြန်လည် တင်သွင်းကြရန် အသိပေး နှိုးဆော်အပ်ပါသည်။
အသေးစိတ် သိရှိလိုပါက စစ်ရာထူးခန့်ချုပ်ရုံး (ဖုန်းနံပါတ် ၀၃၆-၃၀၃၃၁၊ ၀၃၆-၃၀၃၃၈)သို့ ဆက်သွယ် မေးမြန်းနိုင် ပါသည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)