SJ WorldNews - шаблон joomla Авто

ကယားပြည်နယ် အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်

Monday, 15 July 2019 08:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇူလိုင် ၁၄

ကယားပြည်နယ်အတွင်းရှိ  ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို ယနေ့နံနက်ပိုင်းတွင် ဖရူဆိုမြို့ရှိ နယ်မြေခံ တပ်ခန်းမ၌ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် နှင့်အဖွဲ့ဝင်များက  သွားရောက် တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး  စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။

 

Read 22 times Last modified on Monday, 15 July 2019 08:32